Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Missionaries of St. Paul Sisters MSP

#Brothers of the Christian Schools (FSC)
#ဒေလာဆာလ်ဘရာသာရ်များအသင်းဂိုဏ်း

ဒေလာဆာလ်ဘရာသာရများအသင်းဂိုဏ်း (De La Salle Brothers)ကို Rheims, France Fr. John Baptist De La Salle (FSC) က (၁၈၇၂)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ၁၈၆၀ ခုနှစ်၊ ဧပြီလ(၄)ရက်တွင် ရောက်ရှိလာပြီး အသင်းဂိုဏ်းကို မော်လမြိုင်မြို့တွင် စတင်အခြေချသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်၊ ပြင်ဦးလွင်နှင့် ကလောမြို့ (၃)နေရာ၌ တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ ကျောင်းပေါင်း(၅)ကျောင်းတွင် ဘရာသာရ်အပါး စုစုပေါင်း(၁၈)ပါးရှိသည်။

#အသင်းဂိုဏ်း၏ဆောင်ပုဒ် - Motto- Christian Education Service to the poor though education.
#အသင်းဂိုဏ်း၏လုပ်ဆောင်ချက် - Charism – The Spirit of Faith.


#ဒေလာဆာလ်ဘရာသာရ်အသင်းဂိုဏ်းတည်ထောင်သူနှင့် အသင်း၏နောက်ခံသမိုင်းအကျဉ်း
ဂျွန်းဗတ္တိစ်ဒေလာဆာလ်သည်(၁၆၅၁)ခုနှစ် တွင်ပြင်သစ်နိုင်ငံ ရိမ်း(Reims) မြို့တွင် ချမ်းသာသော အသိုင်းအဝိုင်းမှမွေးဖွားခဲ့သည်။ အသက်(၂၁)အရွယ်တွင် မိဘနှစ်ပါးကွယ်လွန်သွားသောအခါ မိသားစုအရေးအားလုံးနှင့် သူ၏ညီလေးယောက်နှင့် ညီမနှစ်ယောက်တို့၏ ပညာရေးအားလုံးကိုတာဝန်ယူခဲ့ရသည်။ အသက်(၂၇) နှစ်တွင် ရဟန်းသိက္ခာခံယူခဲ့သည်။ ဘုရားသခင်က မိမိအပေါ်လုံးလုံးလျားလျား ယုံကြည်မှုအပြည့်ထားရန် ခေါ်သံကိုနားထောင်လျက် ဒေလာဆာလ်သည်မိမိ၏ အဆောင်အယောင်များဖြစ်သော ရိမ်းကာသီယ်၏ ဘုန်းတော်ကြီးဘွဲ့ကိုလည်းကောင်းသူ၏ မိဘအမွေအားလုံးကို(၁၆၈၃)တွင် ပြင်သစ်နိုင်ငံ၌ ကျရောက်သော ငတ်မွတ်ခေါင်းပါးခြင်းကြောင့် ဒုက္ခရောက်နေသော ဆင်းရဲသားများအားဝေမျှခြင်းဖြင့် သူကိုယ်တိုင် မိမိထံသို့ ပညာသင်ကြားရန် ရောက်လာသောဆင်းရဲသားလူငယ်များ၊ ဘုရားသခင်ထံယုံကြည်မှုအပြည့်ထားရန် သူအမြဲအားပေးလေ့ရှိသော ကျောင်းဆရာများနှင့် ဘ၀တူဖြစ်ခဲ့ပြီး မိမိတင်သော ဘုရား၏လုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်သောစွန့်လွှတ် အနစ်နာခံရန်အသင့်ရှိကြောင်းကို သက်သေပြသခဲ့သည်။
ဒေလာဆာလ်သည် ဆင်းရဲသားကလေးသူငယ်များ ပညာသင်ယူရန်အခွင့်အရေးလုံးဝ မရရှိသည်ကိုမြင်တွေ့ခဲ့ပြီး ထိုလူငယ်လူရွယ်များ၏ ပညာရေးအတွက်ကျောင်း ဆရာများကိုခေါ်ယူစုရုံးပြီး စာသင်ကြားရေးနှင့်ပတ်သက်သော နည်းလမ်းများကို ညွှန်ကြားပြီးဆင်းရဲသား လူငယ်များအတွက် အခမဲ့ခရစ်ယာန်ကျောင်းများတည်ထောင်ခဲ့သည်။ ထိုကျောင်းဆရာများသည် ခရစ်ယာန်ဘရာသာရ်များဟူသောနာမည်ကို ခံယူပြီးအဖွဲ့အစည်းအစပြုခဲ့သည်။ နောင်အခါတွင် ထိုအဖွဲ့အစည်းသည် ဒေလာဆာလ်ဘရာသာရ်ဂိုဏ်းဖြစ်လာသည်။ အမိကက်သလစ် အသင်းတော်မှ (၁၇၈၂)တွင် တရားဝင် ခရစ်ယာန်အသင်းဂိုဏ်းအဖြစ် အသိအမှတ်ပြုခဲ့သည်။

ဒေလာဆာလ်သည်(၁၇၁၉)ခုနှစ်ဧပြီလ(၇)ရက် သောကြာနေ့ကြီးတွင် ကွယ်လွန်ခဲ့သည်။ (၁၉၈၀)ခုနှစ်မေလ (၂၄)တွင် ရဟန်းမင်းကြီးဘက်နဖစ်(၁၄)မှ ရဟန္တာတင်မြှောက်ခဲ့ပြီး(၁၉၅၀)မေ လ(၂၄)တွင် ပုပ်ရဟန်းမင်းကြီးပီအူး(၁၂)မှ ဆရာ/ဆရာမများကို မှိုင်းမသော ရဟန္တာအဖြစ်တင်မြှောက်ခဲ့သည်။ ဒေလာဆာလ်သည် ကမ္ဘာပေါ်တွင် ဆရာအတတ်သင်ကျောင်း (ဆရာ/မများကိုသင်တန်းပေးခြင်း)ကို စတင်တည်ထောင်သူဖြစ်သည်။ သူသည်သင်ကြားနည်းနှင့် သက်ဆိုင်သော အတွေးအခေါ်ပညာရှင် ဖြစ်သည့်အလျှောက် ခေတ်ဆန်သော သင်ကြားနည်းပညာ (modern pedagogy) ကို တည်ထောင်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

သူအစပျိုးခဲ့သောဆန်းသစ်သော ပညာရေးနည်းလမ်းများတွင် အလုပ်လုပ်နေသော လူငယ်များအတွက် တနင်္ဂနွေနေ့သင်တန်းများ ပြင်သစ်နိုင်ငံတွင်ဦးဆုံးသောကျောင်း အဖွဲ့အစည်းများဖြစ် သောဆိုးသွမ်းသောလူငယ်များကို ကြည့်ရှုစောက်ရှောက်မှုကျောင်း၊ စက်မှုလက်မှုကျောင်းများ၊ ခေတ်ဘာသာစကားများ၊ ဝိဇ္ဇာပညာများ (လက်မှုပညာများ)၊ သိပ္ပံဘာသာရပ်များကို သင်ကြားသော အလယ်တန်းကျောင်းများပါဝင်သည်။ ဒေလာဆာလ်၏ လုပ်ဆောင်ချက်များသည် ပြင်သစ်တစ်နိုင်ငံလုံး လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီးသူ သေဆုံးပြီးနောက်ပိုင်းတွင်လည်း တစ်ကမ္ဘာလုံးပျံ့နှံ့လာခဲ့သည်။

ယခုအခါဒေလာဆာလ်မိသားစုကြီးသည် ဒေလာဆာလ်ရာသာရ်(၅၀၀၀)ပါး(၈၄၀၀၀)မျှသော ဆရာ/မများနှင့်အတူ နိုင်ငံပေါင်း(၈၀)ကျော်တွင် ပညာရေးနှင့်ပတ်သက်သော ကျောင်းပေါင်း(၁၀၀၀)ကျော်တွင် ကျောင်းသူကျောင်းသားပေါင်း (၉၀၀၀၀၀)ခန့်အား ပညာပေးခြင်းလုပ်ငန်းများကို ဆောက်ရွက်လျက်ရှိကြသည်။ အသင်းတည်ထောင်ခဲ့သူ၏ ခြေရာကိုလိုက်လျက် ယနေ့အထိ ဒေလာဆာလ်အသင်းဂိုဏ်းထဲတွင် ရဟန္တာဘရာသာရ်(၁၃)ပါး သူတော်စင်အဆင့် ဘရာသာရ်(၇၇)ပါးအပြင်တရားတော်အတွက် အသက်ပေးဆပ်ခဲ့ကြသော ဓမ္မအာဇာနည်ဘရာသာရ် (၈၆)ပါးကို မွေးထုတ်ပေးခဲ့သည်။ ပြင်သစ်လူမျိုး ဆရာတော်ကြီး ဘီဂန်းဒက်၏ ဖိတ်ကြားချက်အရမြန်မာနိုင်ငံသို့ ဒေလာဆာလ် ဘရာသာရ်များသည်(၁၈၆၀)ခုနှစ်ဧပြီလ(၄)ရက်နေ့ မော်လမြိုင်မြို့သို့ စတင်ရောက်ရှိကာ မြန်မာပြည်၏ပညာရေး လုပ်ငန်းများတွင် (၁၉၆၅)ခုနှစ်အထိတက်တက်ကြွကြွလုပ်ဆောင်ခဲ့ကြသည်။

#ဘရာသာရ်များ၏ လက်ရှိအဖွဲ့အစည်းဌာနများနှင့် လုပ်ဆောင်လျက်ရှိသော သာသနာလုပ်ငန်းများ
၂၀၁၁ ခုနှစ်၌ မြန်မာပြည်ရှိ ဘရာသာရ်များအုပ်စုသည် အခြားသောတိုင်းပြည်အုပ်စု (၇)ခုဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်တို့နှင့်အတူ ကမ္ဘာ့အရှေ့တောင်ပိုင်းဆိုင်ရာ ခေါ်  LA SALLIAN EAST ASIA DISTRICT အရှေ့အာရှ ဒေလာဆာလ်ဘရာသာရ် များအဖွဲ့အစည်းအား တည်ထောင်ပါဝင်နိုင်ခဲ့၏။ မရမ်းကုန်း၊ အေဒီလမ်းရှိ ကျောင်းကား မြန်မာဘရာသာရ်များ၏ ဌာနချုပ်ဖြစ်သည်။ ဒေသပိုင်အကြီးအကဲ နေထိုင်ရာ နေရာလည်းဖြစ်သည်။ ယနေ့လက်ရှိအချိန်မှာကား ဘရာသာရ်များနေထိုင်ရာ ကျောင်း(၅)ကျောင်းရန်ကုန်မေမြို့၊ ကလောမြို့ များတွင်တည်ရှိ၏၊ သစ္စာခံယူပြီး ဘရာသာရ်(၁၈)ပါး၊ သင်တန်းပြီးစ ဘရာသာရ်အငယ်(၅)ပါး သင်တန်းတက်နေသူတစ်ဦး ပထမအဆင့်သင်တန်းင်(၆)ဦး၊ ဝင်လိုသူ(၆)ဦးနှင့် ကလောတွင်ခေါ်တော်မူခြင်းဘဝအား လေ့လာနေသူ လူငယ်(၁၀)ဦးရှိနေ၏။

မြန်မာနိုင်ငံသို့ ဝေလာဆာလ် ဘရာသာရ်များ (၁၈၆၀)ခုနှစ်၌ စတင်ရောက်ရှိခဲ့၏။ တိုင်းပြည်၌ သာသနာ အမှုတော်ထမ်းရွက်နေခဲ့သည်မှာ နှစ်ပေါင်း(၁၅၀)ကျော်ခဲ့ပြီး အသင်းဂိုဏ်းမှ ကုန်လွန်ခဲ့သောနှစ်များအတွင်း ရရှိခဲ့သော ကျေးဇူးတော်များ ပေးသနားခဲ့သော ဘုရားရှင်အား ချီးမွမ်းထောပနာပြုပါ၏။ အနာဂတ်ကာလအား ရှေးရှုတွေးလျက် ဘဝနှင့်လုပ်ငန်းများအား လက်တော်သို့အပ်နှံလျက် ဆုတောင်းပါ၏။ ရိတ်သိမ်းသူ အရှင်သခင်မြတ်ဘုရားကိုယ်တော်၏ ဥယျာဉ်စိုက်ခင်းသို့ လုပ်သားကောင်းများစေလွှတ်ပေးတော်မူပါ။ အာမင်

လိပ်စာ -
ဒေလာဆာလ်ဘရာသာရ်များကျောင်း
မေခလမ်း၊ မရမ်းကုန်း။
မြို့ပတ်လမ်း၊ ပြင်ဦးလွင်။

#မှတ်ချက် - သစ္စာသုံးပါးခံ သူတော်စင်များနှစ်၊ အမှတ်တရမဂ္ဂဇင်း(၂၀၁၄-၂၀၁၆) တွင်းကူးယူဖော်ပြသည်။

တောင်ငူသာသနာ၊ ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှ သီလရှင်များ ရွှေစင်ဂျူဘီလီခံယူခြင်း

တောင်ငူသာသနာ၊ ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှ ရွှေစင်ဂျူဘီလီရှင်များဖြစ်ကြသော 1. Mother Margarita Mudu Jean (ယာဒိုတိုက်နယ် ၊ကာပရုကျေးရွာ) 2.Mother Bibiana Hedwing(မောင်ဘလော့တိုက်နယ်၊ မောင်ဘလော့ကျေးရွာ)နှင့် 3.Mother Anastasia Brigid ( ကျေးကတော့တိုက်နယ်၊တောပုန်းအထက်ကျေးရွာ)တို့၏ ဂျူဘီလီကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို တောင်ငူထီးနီကုန်း၊ စိန့်ဂျွန်းကွန်ဗင့်သီလရှင်ကျောင်း၌ တောင်ငူသာသနာ၊ လက်ထောက်ဆရာတော်ကြီး ဂျွန်စောကောဒီမှ ဦးဆောင်ဦးရွက်ပြုကာ ရဟန်းတော်(၁၅)ပါးတို့ ပါဝင်တင်လှူပူဇော်ပေးခဲ့ကြပါသည်။

  

တောင်ငူသာသနာ၊ ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှ သီလရှင်များ ရွှေစင်ဂျူဘီလီခံယူခြင်း

တောင်ငူသာသနာ၊ ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှ ရွှေစင်ဂျူဘီလီရှင်များဖြစ်ကြသော 1. Mother Margarita Mudu Jean (ယာဒိုတိုက်နယ် ၊ကာပရုကျေးရွာ) 2.Mother Bibiana Hedwing(မောင်ဘလော့တိုက်နယ်၊ မောင်ဘလော့ကျေးရွာ)နှင့် 3.Mother Anastasia Brigid ( ကျေးကတော့တိုက်နယ်၊တောပုန်းအထက်ကျေးရွာ)တို့၏ ဂျူဘီလီကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို တောင်ငူထီးနီကုန်း၊ စိန့်ဂျွန်းကွန်ဗင့်သီလရှင်ကျောင်း၌ တောင်ငူသာသနာ၊ လက်ထောက်ဆရာတော်ကြီး ဂျွန်စောကောဒီမှ ဦးဆောင်ဦးရွက်ပြုကာ ရဟန်းတော်(၁၅)ပါးတို့ ပါဝင်တင်လှူပူဇော်ပေးခဲ့ကြပါသည်။

Missionaries of St. Paul (သာသနာပြုစိန့်ပေါလ် အသင်းဂိုဏ်း) မှ ရဟန်းတော်သစ် Fr. Celestine Sa Tiwu သည် ၂၅.၁.၂၀၂၁ ရက်နေ့ နံနက် ၇း၃၀နာရီတွင် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ရဟန်းမင်းအမတ်ကာဒီနယ် ချားလ်စ်ဘိုနှင့် လက်ထောက်ဆရာတော် ဂျွန်စောယောဟန်၏လက်တော်မှ ထာဝရ ရဟန်းသိက္ခာတော်မြတ်ကို ခံယူခဲ့ပါသည်။Fr. Celestine Sa Tiwu သည် စိန်မေရီသာသနာ(မြွေဟောက်ချောင်း)၊ ကြက်ရိုးချောင်း​​ေကျးရွာမှ အဖ ပေါလူး မန်းတင်ဝင်း၊ အမိ အာနား ဒေါ်ချောတို့၏ သားသမီး (၅)ဦးအနက် တတိယမြောက်သားရတနာဖြစ်ပါသည်။ဘုရားရှင်ရွေးကောက်တော်မူသော ရဟန်းသစ်အတွက် ဘုရားရှင်အားကျေးဇူးတင်ရင်း ရဟန်းသစ်အား ဂုဏ်ပြုခြင်းနှင့်အတူ ဝိုင်းဝန်းကာဆုတောင်းပေးကြပါစို့။
Untitled Document
Total viewer: 349953